Wednesday, January 27, 2010

ကျောင်း

တစ်စုံတစ်ယောက်က မေးရင် ဖြေဖို့
ကျောင်းဟာ ခေါင်းမော့ထားတယ်။

လူလူချင်း အချိတ်အဆက်မိဖို့
စိတ်ကူးစိတ်ကူးချင်း အချိတ်အဆက်မိဖို့
အဝေးပြေးလမ်းမများ၊
ခြစ်ကြည့်
မီးတောက်တယ်
တီးလိုက်ရင် အသံထွက်တယ်။

ပြတင်းပေါက်ဆိုတာလည်းကျောင်းပဲ
ပင်လယ်ပြင်ဆိုတာလည်းကျောင်းပဲ
အာဒံနဲ့ဧ၀ဟာ ကမ္ဘာဦးကျောင်းကဖြစ်ပြီး
ရွှေကိုကျောင်းထဲက တူးဖော်ရတယ်။


ကိုမင်းဆွေ
အောက်တိုဘာ ၂၀၀၄
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း။

................................................................................................................


2 comments:

  1. အဲဗျာ......GTC ကျောင်းကိုတောင် ပြန်လွမ်းလာပြီ။

    ReplyDelete
  2. ကျောင်းကတော့ ခေါင်းလောင်းသံနဲ့  ခေါင်းမော့ထားဆဲ..
    ကျောင်းကို မွေးတဲ့ကျောင်းဆရာ ကိုမင်းဆွေလဲ.. ကဗျာတွေနဲ့  ခေါင်းမော့ထားဆဲ.. ကျွန်တော်ကတော့
    လွန်လေပြီးသော ဇာတ်ကောင်.. ခုံနံပါတ်လေးတောင် ဖုန်တက်နေပြီလား..
    အောက်မေ့ဖွယ်တွေကြားမှာ...

    ReplyDelete