တစ်စုံတစ်ယောက်က မေးရင် ဖြေဖို့
ကျောင်းဟာ ခေါင်းမော့ထားတယ်။
လူလူချင်း အချိတ်အဆက်မိဖို့
စိတ်ကူးစိတ်ကူးချင်း အချိတ်အဆက်မိဖို့
အဝေးပြေးလမ်းမများ၊
ခြစ်ကြည့်
မီးတောက်တယ်
တီးလိုက်ရင် အသံထွက်တယ်။
ပြတင်းပေါက်ဆိုတာလည်းကျောင်းပဲ
ပင်လယ်ပြင်ဆိုတာလည်းကျောင်းပဲ
အာဒံနဲ့ဧ၀ဟာ ကမ္ဘာဦးကျောင်းကဖြစ်ပြီး
ရွှေကိုကျောင်းထဲက တူးဖော်ရတယ်။
ကိုမင်းဆွေ
အောက်တိုဘာ ၂၀၀၄
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း။
................................................................................................................
Subscribe to:
Post Comments (Atom)
အဲဗျာ......GTC ကျောင်းကိုတောင် ပြန်လွမ်းလာပြီ။
ReplyDeleteကျောင်းကတော့ ခေါင်းလောင်းသံနဲ့  ခေါင်းမော့ထားဆဲ..
ReplyDeleteကျောင်းကို မွေးတဲ့ကျောင်းဆရာ ကိုမင်းဆွေလဲ.. ကဗျာတွေနဲ့  ခေါင်းမော့ထားဆဲ.. ကျွန်တော်ကတော့
လွန်လေပြီးသော ဇာတ်ကောင်.. ခုံနံပါတ်လေးတောင် ဖုန်တက်နေပြီလား..
အောက်မေ့ဖွယ်တွေကြားမှာ...